Tuesday, July 8, 2008

ကွန်ပျူတာဆိုရင် မမြင်ချင်ပါ

ကျွန်တော့်အလုပ်လုပ်တဲ့ ကွန်ပျူတာခန်းဘေးမှာ အသံကျယ်ကျယ်နဲ့ ဖုန်းပြောသံကြားလိုက်ရတယ် ( ဘယ်သူဖြစ်ရမှာလဲ ကျွန်တော်တိုရဲ့ ကုမ်ပဏီကမန်နေဂျာလေ ) သူ့အိမ်နဲ့ဖုန်းပြောနေတာပါ။
``သားကြီး နေကောင်းလား xxx ( တစ်ဖက်ကပြန်ပြောသံတော့မကြားရပါ)
သူပြောနေပုံအရကတော့ သူ့အိမ်ကသားကြီးနေမကောင်းကြောင်း ၊ မျက်လုံးစူးတယ်လို့သိရတာကြောင့် စိုးရိမ်စိတ်နဲ့ ကွန်ပျူတာဂိမ်းအလွန်အမင်း မကစားဖို့ ၊ ကွန်ပျူတာမော်နီတာမှာ အလင်းမစူးစေဖို့ကာတဲ့မှန် (EYE PROTECTOR GLASS FILTER) ၀ယ်ဖို့ တွေကိုတဖွဖွမှာနေတာပါ။ ( မိဘဆိုတော့လည်း သားသမီးကို ဂရုစိုက်ပေမပေါ့ )

ကျွန်တော့်အမေလည်း မော်နီတာမှာဒီလို မှန်တွေတပ်ဖို့လိုမှန်းမသိပေမယ့် ခွင်ရလို့အိမ်ပြန်တဲ့အချိန်တိုင်း မြင်းခွာရွက်ကို `` မျက်စိအားကောင်းတယ်များများစား ´´ ဆိုပြီး သုပ်ကျွေးခဲ့ဘူးတာကို သတိရမိပါတယ်။ ကျွန်တော် ကွန်ပျူတာအလုပ်လုပ်မှန်းသိလို့ မျက်လုံးရောဂါတစ်စုံတစ်ရာခံစားရမှာစိုးရိမ်တာမို့ သုပ်ကျွေးခဲ့တာပါ။
ဒါပေမယ့်လည်းကျွန်တော်ရိုက်နေတဲ့ ကွန်ပျူတာရဲ့ မော်နီတာမှာတော့ အလင်းမစူးစေဖို့ကာတဲ့မှန် မရှိပါဘူး။ ဒင်း((EYE PROTECTOR GLASS FILTER) မရှိပေမယ်လည်း မော်နီတာရဲ့ စူးတဲ့အလင်းကို အမေသုပ်ကျွေးတဲ့မြင်းခွာရွက်သုပ်ရဲ့ အားတွေနဲ့ ခုခံနေရပုံကို အမေမြင်တွေ့ခဲ့လျှင်ဖြင့် စိတ်မကောင်းဖြစ်မိမှာပါ။ ရှိစေတော့ ၊ ရှိစေတော့ အဓိကက အလုပ်လုပ်နိုင်ဖို့ဘဲလိုတယ် ( နောက်ပြတ်သနာ နောက်မှဘဲ ကိုယ့်ဘာကိုယ်ရှင်းကြပေါ့ )

ကျွန်တော်တို့နိုင်ငံမှာ ခေတ်မှီတိုးတက်နေတဲ့တစ်ခြားနိုင်ငံတွေလို ကွန်ပျူတာရဲ့စွမ်းဆောင်မှုကို တွင်တွင်ကျယ်ကျယ် မသုံးနိင် သေးပေမယ့်လည်း ဟိုးအရင်သုံးခဲ့တဲ့ လက်နှိပ်စက်နေရာတွေမှာ ကွန်ပျူတာကိုအစားထိုးလို့ အသုံးပြုနေတာကြာပါပြီ။ စာစီစာရိုက်အဆင့်ကစပြီး အသုံးပြုကြတာပါ။ ကွန်ပျူတာနဲ့ ပတ်သက်ပြီးသိပ်မသိတဲ့ ရှေးရိုးစွဲလူတစ်ချို့မှာတော့ ကွန်ပျူတာဆိုတာ လက်နှိပ်စက်နဲ့ တီဗွီပေါင်းထားတာပါတဲ့ လက်နှိပ်စက်သာသာအဆင့်ပါလို့ သတ်မှတ်ချင်ကြပါတယ်။
စာစီစာရိုက်ပြုလုပ်ကြရတဲ့ကွန်ပျူတာသမားတွေကြုံရတဲ့ပြတ်သနာလေးတွေ ပြောပြချင်ပါတယ်။ အသေးအဖွဲကိစွှလေးတွေကို ပုံကြီးချဲ့လို့ `` ကွန်ပျူတာကလည်း မှားလိုက်တာလွန်ရော ´´ဆိုပြီး ပြောတတ်ကြပါတယ် ။ တကယ်တမ်းကွန်ပျူတာက မှားတာမဟုတ်ပါဘူး ။ လုပ်ငန်းအတွေ့အကြုံနည်းတဲ့ ကွန်ပျူတာလုပ်ကိုင်သူဖြစ်လို့ အမှားများတတ်တာမျိုးပါ။ ကွန်ပျူတာနဲ့ စာစီစာရိုက်လုပ်ဆောင်သူရဲ့ ကျွမ်းကျင်မှုရှိသလောက်၊ အတွေ့အကြုံရှိရင်ရှိသလောက် စိတ်တိုင်းကျဖန်တည်းနိုင်တဲ့ အခွင့်အရေးတွေရှိသလို တိကျတဲ့အတိုင်းအတာနဲ့ သေသပ်တဲ့တင်ပြချက်တွေ လုပ်ဆောင်နိုင်တာကို မသိလို့ ၊ တစ်ဖက်သားအပေါ်စာနာတတ်တဲ့ အကြင်နာတရားမရှိလို့ ပြောကြတာပါ။ နောက်ပြတ်သနာတစ်ခုကတော့


နောက်ပြတ်သနာတစ်ခုကတော့ ကွန်ပျူတာနဲ့ပတ်သက်ပြီး မသင်ဖူး ၊ မလုပ်ကိုင်ဖူးပေမယ့် ကြားဖူးနာဝရှိပြီး ဖြီးဖြန်းပြောကြပုံလေးပါ။ ကွန်ပျူတာလုပ်ကိုင်နေသူတစ်ယောက်ကို သူတို့အပ်လိုက်တဲ့အကြောင်းအရာက အခြေခံစာစီစာရိုက်အဆင့်နဲ့မရာနိုင်တာမို့ `` ဒီအဆင့်နဲ့ လုပ်လို့မရနိုင်ပါဘူး ´´ လို့ ပြောလိုက်ပေမယ့် သူတို့က `` ကွန်ပျူတာဆိုတာ လိုသလိုလုပ်လုပ်ရတယ် ´´ ကြားဖူးကြောင်း ခပ်ငေါ့ငေါ့ ဆိုပြန်တဲ့အပြင် ကွန်ပျူတာလုပ်ကိုင်နေသူက ပညာပြတယ်လို့ ထင်မြင်တတ်ကြပါတယ်။ စိတ်တိုင်းကျလုပ်ပေးနိုင်ဖို့ ကွန်ပျူတာမှာလိုအပ်တဲ့ စော့ဖ်ဝဲတွေ ၊ ကွန်ပျူတာလုပ်ကိုင်နေသူအတွက် စာစီစာရိုက်ထက်အဆင့်မြင့်တဲ့ နည်းပညာပိုင်းသင်တန်းပံ့ပိုး ပေးမှုမရှိဘဲ မလုပ်နိုင်တာကို အပြစ်မြင်တတ်ကြတာတွေလည်းရှိပါတယ်။ `` လူ့အလို နတ်မလိုက်နိုင် ´´ စကားပုံလိုဘဲ သိကြားမင်းဆင်းလုပ်ပေးတောင် လူတစ်ဖက်သားအပေါ် အကောင်းမမြင်တတ်တဲ့သူနဲ့တွေ့ရင် သိကြားမင်ပြန်ပြေးမှာသေချာတယ်။ အလုပ်တစ်ခုကို သူတို့ကိုယ်တိုင်လက်တွေ့ဝင်လုပ်ဖို့ဆိုရင် ရောဂါအမျိုးမျိုး ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှောင်လွှဲချင်ကြပြီး လက်တွေ့လုပ်ကိုင်နေသူတွေအပေါ် လုပ်နေကျအကျင်တွေအတိုင်း ( ဟောက်စား ၊ ဖောက်စား ) လုပ် ၊ မကောင်းကြောင်း အမျိုးမျိုးပြောနေတာကလည်း စိတ်ပျက်စရာပါ ။ (ဒါလည်း ဒုကွှတစ်မျိုးပေါ့လေ ) ဒီလိုဒုကွှတွေမသိသေးတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုအားကျပြီးကွန်ပျူတာသင်တန်းတွေတက်လို့ ဌာနတစ်ခုမှာ ကွန်ပျူတာဝန်ထမ်းအဖြစ်ဝင်လုပ်ခဲ့ပါတယ်။ သိပ်မကြာပါဘူး ကွန်ပျူတာကို မမြင်ချင်လောက်အောင် စိတ်နာမိကြောင်း ညဉ်းတွားပြောဆိုသံ ကြားရပါတော့တယ်။ ``ဘယ်သူမပြုမိမိမှုလို့ ´´စလိုက်ချင်ပေမယ့် မပြောဖြစ်ခဲပါဘူး။ `` အချိန်တန်ရင်တော့ ဒီလိုလူတန်းစားတွေ သူ့နေရာသူသိ ဘေးရှောင်ပေးရမှာမို့ ´´ စိတ်မပျက်စေဖို့အတွက် သူငယ်ချင်းကိုအားပေးလိုက်ပါတယ် ။

ကျွန်တော်တို့ကိုယ်တိုင် စိတ်ဝင်စားလို့ ရွေးချယ်ပြီးစလုပ်ဖြစ်ခဲ့တဲ့ ကွန်ပျူတာအလုပ်လည်းဖြစ် ၊ တဖြည်းဖြည်း တိုးတက်လာနေတဲ့ အခုလိုအချိန်မျိုးမှာ နားလည်မှုမပေးနိုင်တဲသူတွေရဲ့ စကားသံတွေကို ဥပကွှာပြုပြီး သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေရဲ့ ကူညီသင်ပြမှုတွေနဲ့ အခွင့်အရေးရတုန်း ကြိုးစားသင်ယူတတ်မြောက်ခဲ့မယ်ဆိုရင် ဒီထက်အဆင့်မြင့်တဲ့ ကွန်ပျူတာဝန်ဆောင်မှု အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းတွေရလာမှာပါ။ တွေ့ကြုံရတဲ့အခက်အခဲတွေကို အားအဖြစ်အသုံးပြုရင်း ကျွန်တော်တို့ရှေ့မှာပြေးနေတဲ့ အဆင်မြင့်ကွန်ပျူတာနည်းပညာတွေကို နောက်ကျမကျန်ရစ်စေဖို့ လိုက်နိုင်စွမ်းရှိသလောက်ဆက်လက်ကြိုးစားကြစေ့ကြောင်း အမှာပါးပါရစေ။

Thursday, July 3, 2008

ဘလော့ရွာမှ သတင်းကောင်းများစွာ

ဘလော့လေးရွာလေးကို အသင်းဝင်ဖို့ သူငယ်ချင်းတစ်ယောက်ဆီက ဘလော့အသင်းဝင် အခြေခံနည်းစနစ်လေးတွေကိုသင်ယူပြီး ပထမဆုံးခြေလှမ်းခဲ့ပါတယ်။ ပုံလေးတွေရှာပြီး `` ရွှေရောင်ခံစားမှု ´´ ခေါင်းစဉ်ပေးပြီးပြန်တော့ ဘလော့မှာ တင်ဖို့ စာသားတွေလိုအပ်လာပြန်ပါတယ် ။ ဘလော့မှာ စိတ်ကူးကောင်းရင်ကောင်းသလို့ အပိုင်းတွေအများကြီးနဲ့ ကိုယ်ပိုင်ဒိုင်ယာရီလို့ဘဲပြောပြော နည်းပညာပိုင်းအရ ကျွမ်းကျွမ်းကျင်ကျင်ဖန်တည်းနိုင်စွမ်းရှိရင် ရှိသလောက် ဖန်တည်းခွင့်ရှိလို့ကျေနပ်မိပါတယ်။ ဘလော့ကို အသက်ဝင်စေဖို့အတွက် ဖန်တည်းမဲ့အကြောင်းအရာပိုင်းတွေရေးချဖို့ကို အခက်တွေ့ခဲ့ပါတယ်။ ကိုယ့်ဘလော့ကို ဘယ်သူကပိုစ်ဝင်ရေးပေးမှာတုန်း။ ရေးပေးတယ်ထားပါအုံး သူရေးတာက ကိုယ့်ဘလောနဲ့အဆင်မပြေတာ ၊ တစ်ခြား ကန့်သတ်ချက်တွေ ၊ သဘောထားမတူတဲ့ ဆန့်ကျင်ဘက်အတွေးတွေနဲ့ ဖန်တည်းမှု မျိုးတွေကိုရော ကိုယ်ကတင်ပေးနိုင်ပါ့မလား။ နောက်ဆုံးစဉ်းစားမိတာက ကိုယ့်ဘလော့ကို ကိုယ်တိုင်ဘဲဖန်တည်းမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ အရင်က ဘလော့ခေါင်းစဉ်ကို ရွှေရောင်ခံစားမှုဆိုပြီး ပေးထားတာ။ ဒီခေါင်းစဉ်နဲ့ လိုက်ဖက်မဲ့စာသားတင်ဖို့လိုလာပြီလေ။
ငယ်ငယ်တည်းက စာမေးပွဲတိုင်းမှာ စာစီစာကုံးရေးတဲ့အပိုင်းကို မဖြေဘဲချန်ထားခဲတဲ့သူ ကိုယ့်အတတ်ကိုယ်ဆူး အခုအခက်တွေရပြီ ။ ကိုယ့်ဘလော့မှာ ပြောချင်တဲ့ မြန်မာစကားကို မြန်မာလိုချရေးတယ်ဆိုပေမယ့်လည်း ကိုယ်ရေးချင်တဲ့ အကြောင်းအရာနဲ့ဆီလျော်မယ့် စာကားလုံးအသုံးအနှုန်းတွေကို ဆီလျော်အောင် လက်တွေ့ချရေးချိန်မှာ ဘော့ပင်နဲ့စာရွက်မထိဘဲ နာရီဝက်လောက်ကြာတဲ့ထိ စဉ်းစားရဘူးပါတယ်။ ( သင်ပေးတဲ့ဆရာ၊ ဆရာမတွေက သေချာသင်ပေးတာကို တလေးတစားမယူခဲ့မိတာကို နောင်တရမိပါတယ် ) အရဲစွန့်ရေးပြီး ကိုယ်တိုင်အထပ်ထပ်ဖတ် ၊ တည်းဖြတ်လို့ တင်ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အားလပ်ချိန်တိုင်းစာလိုက်ဖတ်တယ်။ အရေးအသားပိုင်းတွေကို သေချာလေ့လာပြီး စဉ်းစားမိသမျှတွေကို မတင်ဖြစ်တာနောက်ထားလို့ လက်ကအရင်ချရေးဖြစ်အောင် ကြိုးစားရင်းပို့စ်လေးတွေကို တင်ဖြစ်ခဲ့ပါတယ်။
ဘလော့ရွာမှာ ယောင်လည်လည် လျှောက်သွားရင်းအိမ်တိုင်းမှာ ၀င်ရောက်မိတ်ဖွဲ့ရင်းနဲ့ ဘလောဂါအားလုံး ကျွန်တော်ရဲ့ သင်ဆရာ၊မြင်ဆရာတွေပါ။ ဘလောဂါအားလုံး ကိုယ်ပြောချင်တဲ့အပိုင်းတွေကို စိတ်ကြိုက်ဖန်တည်းနေကြပေမယ့် မြန်မာဘလော့ရွာမှာရှိတဲ့ဘလော့ဂါအားလုံး တစ်ကိုယ်ကောင်း မဆန်တတ်ကြပါဘူး။ နည်းပညာပိုင်းကို ဝေမျှသူတွေရှိသလို အခုမှအသစ်မိတ်ဖွဲလာတဲ့ ကျွန်တော့်လို ရွာသားအသစ်တွေဆီကို လာရောက်အားပေးရင်း လက်တွဲခေါ်တတ်ကြပါတယ်။ ဒါကြောင့်မို့ ဘလော့ရွာလေးကို စိတ်ဝင်စားလို့ရောက်လာခဲ့မယ်ဆိုခဲ့ရင်လည်း သူငယ်ချင်းအားလုံးကို သတ်တိရှိရှိဝင်ခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေ။ တဖြည်းဖြည်း အဆင်ပြေ လာပါလိမ့်မယ်။ နောက်ဆုံးအဆင့် အားပေးမယ့်သူမရှိပေမယ့် ကိုဘလော့လေးကိုဖွင့်ကြည့်ပြီး ထပ်ကာထပ်ကာဖတ်နေရတာကလည်း စိတ်အေးချမ်းနေပါတယ် ။ ကိုယ်ဘလော့ကို လာလည်သူတွေက စီဘောက်မှာ အမှာပါးခဲ့ရင်ဖြင့် ပြောမပြတတ်လောက်အောင် ပီတိဖြစ်မိပါတယ်။

ဘလော့ရွာထဲ အလည်အပတ်သွားရင်း သိသင့်တာတွေအကုန်သိကြရမှာပါ။ အိုင်တီခေတ်မှာ ကျွန်တော်တို့လိုလူငယ်တွေအနေနဲ့ ပြင်ပသင်တန်းတွေမှာ အချိန်ပေးမတက်နိုင်ပေမယ့် ခေတ်နောက်ကျစရာမလိုပါဘူး ။ ဘလော့ရွာမှ ဘလောဂါအားလုံး သူတို့သိသမျှတွေဝေမျှလို့ ကြိုဆိုနေပါတယ်။

ကျွန်တော့်လလော့ကို လာရောက်အားပေးကူညီကြတဲ့ သူငယ်ချင်းအားလုံးကို မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။