Wednesday, August 20, 2008

`ကလော်မဲ´ နဲ့` လုန်ဒမ်း ´

အခုတစ်လော အလုပ်ရှုပ်တာကတစ်ကြောင်း၊ အလုပ်မှာအဆင်မပြေတာတွေ စသဖြင့် အကြောင်းကြောင်း တွေရှိတာမို့ ဘလော့ဂ်ပိုင်းကို မလှည့်ဖြစ်ခဲ့ပါဘူး ၊ လူချင်းမြင်ဖူးးပေမယ့် ခင်မင်ရင်းနှီးနေတဲ့ သူငယ်ချင်းတွေဆီကိုလည်း မရောက်ဖြစ်ခဲ့ပါဘူး၊ ခရီးသည် ဆိုတဲ့အမည်နာမအတိုင်း ဟိုသွား ဒီရွှေ့ နေရာအတည်တကျ မရှိတာမို့ ဘလော့ဂ်ဘက်ကို ဦးမတည်ဖြစ်ခဲ့တာပါ။ အခုတော့အချိန်းလေး ရတုန်းမို့ သူငယ်ချင်းတွေအားလုံးကို ဒီပို့စ်လေးနဲ့ သတင်းပို့ပါရစေ။ သူငယ်ချင်းတွေကို အသိမပေးဘဲ ရုတ်တရက်ပျောက်သွားပြီး အခုမှသတင်းပို့လို့ သရဲခြောက်တယ်တော့ မထင်ကြပါနဲ့၊ ( သြော် မေ့နေလို့ အခုရောက်နေတဲ့နေရာကတော့ မြေပြန့်တစ်နေရာပါ )

ဘလော့ဂ်မှာကလည်း ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားမှုတွေကို ထင်ရာမြင်ရာ ပေါက်ကရပြောဆိုရေးသား တာမျိုးမလုပ်ချင်တာမို့ ပိုဒ်မရေးဖြစ်တာပါ။ ရေးဖြစ်ခဲ့ရင်လည်း လုပ်တိုင်းမဖြစ်လို့ ဖြစ်သလိုလုပ်နေရတဲ့ ကိုယ်ရဲ့ အကြောင်းအရာတွေဘဲ ပြောမိမှာမို့ မရေးဖြစ်ခဲ့တာပါ။ ( ရေးရင်းနဲ့ အခု နဲနဲပါသွားသလိုပဲ ဟီဟိ ) အခုလည်းအချိန်လေးရတုန်းမို့


အခုလည်းအချိန်လေးရတုန်းမို့ သူငယ်ချင်းတွေဆီကို ဟိုဟိုဒီဒီလျှောက်လည်ရင်း မဖတ်ဖြစ်ခဲ့ တဲ့စာကြွေးတွေလိုက်ဖတ်ရင်း သိချင်တာတွေ ၊ သိသင့်တာတွေ စုံနေအောင်သိခဲ့ရတာမို့ အခုမှ ချင်းပြည်နယ်ကပြန်ရောက်လာတဲ့ မြေပြန့်သားခရီးသည်လေးမှ “ကလော်မဲ ” (ကျေဇူးတင်ပါတယ်) လို့ ဘလော့ရွာက သူငယ်ချင်းအားလုံးကို ကိုယ်သိခဲ့ရတဲ့ ချင်းပြည်နယ်ပြန် လက်ဆောင်စကားလေးကို ပြန်လို့မျှဝေလိုက်ပါတယ်။ “ ကလော်မဲ ” ဆိုတဲ့စကားလေးကို ပေါ့သေးသေးတော့မတွက်လိုက်ပါနဲ့ ။ ကျွန်တော်ချင်းပြည်နယ်မှာနေတုန်း ဒီ “ကလော်မဲ ” လေးအားကိုးနဲ့ အိမ်လည်ထမင်းစားခဲ့ဘူးပါတယ် ။ ( သူ့နေရာနဲ့ သူ အသုံးဝင်တာမို့ မှတ်ထားကြနော် ) ။ အခုခရီးသည်တို့ ပြန်တဲ့အချိန်က ချင်းပြည်နယ်ရဲ့ တီးတိန်- ရိဒ် ကားလမ်းက ပျက်ခါစမို့ ရိဒ်နဲ့ တီးတိန်ကြား မန်ဆောင်တံတားထိပ်က တည်းခိုဆိုင်လေးမှာ တစ်ညအိပ်တည်း ခိုခဲ့ရပါတယ်။ မနက်မိုးလင်းလို့ နံနက်စာစားသောက်ပြီး ခရီးဆက်ထွက်ခါနီးမှာ ဆိုင်ရှင်ကို ကျွန်တော်က အခုလိုလမ်းခရီးမျိုးမှာ လွယ်လွယ်ကူကူနဲ့ တစ်ညဥ့်တာ အိပ်စက်အနားယူ စားသောက်ခဲ့တာက တကယ့် hotel ကြီးတွေထက်ပိုပြီးတန်ဖိုးရှိတာမို ကျေးဇူးတင်တဲ့အတွက် `` ကလောမဲ ´´ ပါလို့ ပြောတော့ `` ကလော်မဲ ´´ က မီဇိုးချင်းစကားမို့ တီးတိန်ချင်းစကားနဲ့ `` လုန်ဒမ်း ´´ လို့ ပြောဖို့လိုကြောင်း သိခဲ့ရပါတယ်။

လမ်းခရီး တစ်ထောက်မနားခင် အချိန်လေးမှာ ပျောက်ချက်သားကောင်းလွန်းတဲ့ ခရီသည်ရဲ့ အိမ်အိုဟောင်းလေးကို သတိတရနဲ့ လာရောက်လည်ပတ်ကြောင်း သတင်းမေးခဲ့ကြတဲ့ ဘလော့ရွာက သူငယ်ချင်းအားလုံးကို ကျွန်တော်သိခဲ့ရတဲ့ “ ကလော်မဲ ” ဆိုတဲ့ဝေါဟာရလေးကို ခွဲဝေပေးရင်းနဲ့ ဘလော့ရွာမှ သူငယ်ချင်းအားလုံးအောင်မြင်အဆင်ပြေစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါရဲ့ဗျာ ။

Tuesday, July 8, 2008

ကွန်ပျူတာဆိုရင် မမြင်ချင်ပါ

ကျွန်တော့်အလုပ်လုပ်တဲ့ ကွန်ပျူတာခန်းဘေးမှာ အသံကျယ်ကျယ်နဲ့ ဖုန်းပြောသံကြားလိုက်ရတယ် ( ဘယ်သူဖြစ်ရမှာလဲ ကျွန်တော်တိုရဲ့ ကုမ်ပဏီကမန်နေဂျာလေ ) သူ့အိမ်နဲ့ဖုန်းပြောနေတာပါ။
``သားကြီး နေကောင်းလား xxx ( တစ်ဖက်ကပြန်ပြောသံတော့မကြားရပါ)
သူပြောနေပုံအရကတော့ သူ့အိမ်ကသားကြီးနေမကောင်းကြောင်း ၊ မျက်လုံးစူးတယ်လို့သိရတာကြောင့် စိုးရိမ်စိတ်နဲ့ ကွန်ပျူတာဂိမ်းအလွန်အမင်း မကစားဖို့ ၊ ကွန်ပျူတာမော်နီတာမှာ အလင်းမစူးစေဖို့ကာတဲ့မှန် (EYE PROTECTOR GLASS FILTER) ၀ယ်ဖို့ တွေကိုတဖွဖွမှာနေတာပါ။ ( မိဘဆိုတော့လည်း သားသမီးကို ဂရုစိုက်ပေမပေါ့ )

ကျွန်တော့်အမေလည်း မော်နီတာမှာဒီလို မှန်တွေတပ်ဖို့လိုမှန်းမသိပေမယ့် ခွင်ရလို့အိမ်ပြန်တဲ့အချိန်တိုင်း မြင်းခွာရွက်ကို `` မျက်စိအားကောင်းတယ်များများစား ´´ ဆိုပြီး သုပ်ကျွေးခဲ့ဘူးတာကို သတိရမိပါတယ်။ ကျွန်တော် ကွန်ပျူတာအလုပ်လုပ်မှန်းသိလို့ မျက်လုံးရောဂါတစ်စုံတစ်ရာခံစားရမှာစိုးရိမ်တာမို့ သုပ်ကျွေးခဲ့တာပါ။
ဒါပေမယ့်လည်းကျွန်တော်ရိုက်နေတဲ့ ကွန်ပျူတာရဲ့ မော်နီတာမှာတော့ အလင်းမစူးစေဖို့ကာတဲ့မှန် မရှိပါဘူး။ ဒင်း((EYE PROTECTOR GLASS FILTER) မရှိပေမယ်လည်း မော်နီတာရဲ့ စူးတဲ့အလင်းကို အမေသုပ်ကျွေးတဲ့မြင်းခွာရွက်သုပ်ရဲ့ အားတွေနဲ့ ခုခံနေရပုံကို အမေမြင်တွေ့ခဲ့လျှင်ဖြင့် စိတ်မကောင်းဖြစ်မိမှာပါ။ ရှိစေတော့ ၊ ရှိစေတော့ အဓိကက အလုပ်လုပ်နိုင်ဖို့ဘဲလိုတယ် ( နောက်ပြတ်သနာ နောက်မှဘဲ ကိုယ့်ဘာကိုယ်ရှင်းကြပေါ့ )

ကျွန်တော်တို့နိုင်ငံမှာ ခေတ်မှီတိုးတက်နေတဲ့တစ်ခြားနိုင်ငံတွေလို ကွန်ပျူတာရဲ့စွမ်းဆောင်မှုကို တွင်တွင်ကျယ်ကျယ် မသုံးနိင် သေးပေမယ့်လည်း ဟိုးအရင်သုံးခဲ့တဲ့ လက်နှိပ်စက်နေရာတွေမှာ ကွန်ပျူတာကိုအစားထိုးလို့ အသုံးပြုနေတာကြာပါပြီ။ စာစီစာရိုက်အဆင့်ကစပြီး အသုံးပြုကြတာပါ။ ကွန်ပျူတာနဲ့ ပတ်သက်ပြီးသိပ်မသိတဲ့ ရှေးရိုးစွဲလူတစ်ချို့မှာတော့ ကွန်ပျူတာဆိုတာ လက်နှိပ်စက်နဲ့ တီဗွီပေါင်းထားတာပါတဲ့ လက်နှိပ်စက်သာသာအဆင့်ပါလို့ သတ်မှတ်ချင်ကြပါတယ်။
စာစီစာရိုက်ပြုလုပ်ကြရတဲ့ကွန်ပျူတာသမားတွေကြုံရတဲ့ပြတ်သနာလေးတွေ ပြောပြချင်ပါတယ်။ အသေးအဖွဲကိစွှလေးတွေကို ပုံကြီးချဲ့လို့ `` ကွန်ပျူတာကလည်း မှားလိုက်တာလွန်ရော ´´ဆိုပြီး ပြောတတ်ကြပါတယ် ။ တကယ်တမ်းကွန်ပျူတာက မှားတာမဟုတ်ပါဘူး ။ လုပ်ငန်းအတွေ့အကြုံနည်းတဲ့ ကွန်ပျူတာလုပ်ကိုင်သူဖြစ်လို့ အမှားများတတ်တာမျိုးပါ။ ကွန်ပျူတာနဲ့ စာစီစာရိုက်လုပ်ဆောင်သူရဲ့ ကျွမ်းကျင်မှုရှိသလောက်၊ အတွေ့အကြုံရှိရင်ရှိသလောက် စိတ်တိုင်းကျဖန်တည်းနိုင်တဲ့ အခွင့်အရေးတွေရှိသလို တိကျတဲ့အတိုင်းအတာနဲ့ သေသပ်တဲ့တင်ပြချက်တွေ လုပ်ဆောင်နိုင်တာကို မသိလို့ ၊ တစ်ဖက်သားအပေါ်စာနာတတ်တဲ့ အကြင်နာတရားမရှိလို့ ပြောကြတာပါ။ နောက်ပြတ်သနာတစ်ခုကတော့


နောက်ပြတ်သနာတစ်ခုကတော့ ကွန်ပျူတာနဲ့ပတ်သက်ပြီး မသင်ဖူး ၊ မလုပ်ကိုင်ဖူးပေမယ့် ကြားဖူးနာဝရှိပြီး ဖြီးဖြန်းပြောကြပုံလေးပါ။ ကွန်ပျူတာလုပ်ကိုင်နေသူတစ်ယောက်ကို သူတို့အပ်လိုက်တဲ့အကြောင်းအရာက အခြေခံစာစီစာရိုက်အဆင့်နဲ့မရာနိုင်တာမို့ `` ဒီအဆင့်နဲ့ လုပ်လို့မရနိုင်ပါဘူး ´´ လို့ ပြောလိုက်ပေမယ့် သူတို့က `` ကွန်ပျူတာဆိုတာ လိုသလိုလုပ်လုပ်ရတယ် ´´ ကြားဖူးကြောင်း ခပ်ငေါ့ငေါ့ ဆိုပြန်တဲ့အပြင် ကွန်ပျူတာလုပ်ကိုင်နေသူက ပညာပြတယ်လို့ ထင်မြင်တတ်ကြပါတယ်။ စိတ်တိုင်းကျလုပ်ပေးနိုင်ဖို့ ကွန်ပျူတာမှာလိုအပ်တဲ့ စော့ဖ်ဝဲတွေ ၊ ကွန်ပျူတာလုပ်ကိုင်နေသူအတွက် စာစီစာရိုက်ထက်အဆင့်မြင့်တဲ့ နည်းပညာပိုင်းသင်တန်းပံ့ပိုး ပေးမှုမရှိဘဲ မလုပ်နိုင်တာကို အပြစ်မြင်တတ်ကြတာတွေလည်းရှိပါတယ်။ `` လူ့အလို နတ်မလိုက်နိုင် ´´ စကားပုံလိုဘဲ သိကြားမင်းဆင်းလုပ်ပေးတောင် လူတစ်ဖက်သားအပေါ် အကောင်းမမြင်တတ်တဲ့သူနဲ့တွေ့ရင် သိကြားမင်ပြန်ပြေးမှာသေချာတယ်။ အလုပ်တစ်ခုကို သူတို့ကိုယ်တိုင်လက်တွေ့ဝင်လုပ်ဖို့ဆိုရင် ရောဂါအမျိုးမျိုး ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှောင်လွှဲချင်ကြပြီး လက်တွေ့လုပ်ကိုင်နေသူတွေအပေါ် လုပ်နေကျအကျင်တွေအတိုင်း ( ဟောက်စား ၊ ဖောက်စား ) လုပ် ၊ မကောင်းကြောင်း အမျိုးမျိုးပြောနေတာကလည်း စိတ်ပျက်စရာပါ ။ (ဒါလည်း ဒုကွှတစ်မျိုးပေါ့လေ ) ဒီလိုဒုကွှတွေမသိသေးတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုအားကျပြီးကွန်ပျူတာသင်တန်းတွေတက်လို့ ဌာနတစ်ခုမှာ ကွန်ပျူတာဝန်ထမ်းအဖြစ်ဝင်လုပ်ခဲ့ပါတယ်။ သိပ်မကြာပါဘူး ကွန်ပျူတာကို မမြင်ချင်လောက်အောင် စိတ်နာမိကြောင်း ညဉ်းတွားပြောဆိုသံ ကြားရပါတော့တယ်။ ``ဘယ်သူမပြုမိမိမှုလို့ ´´စလိုက်ချင်ပေမယ့် မပြောဖြစ်ခဲပါဘူး။ `` အချိန်တန်ရင်တော့ ဒီလိုလူတန်းစားတွေ သူ့နေရာသူသိ ဘေးရှောင်ပေးရမှာမို့ ´´ စိတ်မပျက်စေဖို့အတွက် သူငယ်ချင်းကိုအားပေးလိုက်ပါတယ် ။

ကျွန်တော်တို့ကိုယ်တိုင် စိတ်ဝင်စားလို့ ရွေးချယ်ပြီးစလုပ်ဖြစ်ခဲ့တဲ့ ကွန်ပျူတာအလုပ်လည်းဖြစ် ၊ တဖြည်းဖြည်း တိုးတက်လာနေတဲ့ အခုလိုအချိန်မျိုးမှာ နားလည်မှုမပေးနိုင်တဲသူတွေရဲ့ စကားသံတွေကို ဥပကွှာပြုပြီး သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေရဲ့ ကူညီသင်ပြမှုတွေနဲ့ အခွင့်အရေးရတုန်း ကြိုးစားသင်ယူတတ်မြောက်ခဲ့မယ်ဆိုရင် ဒီထက်အဆင့်မြင့်တဲ့ ကွန်ပျူတာဝန်ဆောင်မှု အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းတွေရလာမှာပါ။ တွေ့ကြုံရတဲ့အခက်အခဲတွေကို အားအဖြစ်အသုံးပြုရင်း ကျွန်တော်တို့ရှေ့မှာပြေးနေတဲ့ အဆင်မြင့်ကွန်ပျူတာနည်းပညာတွေကို နောက်ကျမကျန်ရစ်စေဖို့ လိုက်နိုင်စွမ်းရှိသလောက်ဆက်လက်ကြိုးစားကြစေ့ကြောင်း အမှာပါးပါရစေ။

Thursday, July 3, 2008

ဘလော့ရွာမှ သတင်းကောင်းများစွာ

ဘလော့လေးရွာလေးကို အသင်းဝင်ဖို့ သူငယ်ချင်းတစ်ယောက်ဆီက ဘလော့အသင်းဝင် အခြေခံနည်းစနစ်လေးတွေကိုသင်ယူပြီး ပထမဆုံးခြေလှမ်းခဲ့ပါတယ်။ ပုံလေးတွေရှာပြီး `` ရွှေရောင်ခံစားမှု ´´ ခေါင်းစဉ်ပေးပြီးပြန်တော့ ဘလော့မှာ တင်ဖို့ စာသားတွေလိုအပ်လာပြန်ပါတယ် ။ ဘလော့မှာ စိတ်ကူးကောင်းရင်ကောင်းသလို့ အပိုင်းတွေအများကြီးနဲ့ ကိုယ်ပိုင်ဒိုင်ယာရီလို့ဘဲပြောပြော နည်းပညာပိုင်းအရ ကျွမ်းကျွမ်းကျင်ကျင်ဖန်တည်းနိုင်စွမ်းရှိရင် ရှိသလောက် ဖန်တည်းခွင့်ရှိလို့ကျေနပ်မိပါတယ်။ ဘလော့ကို အသက်ဝင်စေဖို့အတွက် ဖန်တည်းမဲ့အကြောင်းအရာပိုင်းတွေရေးချဖို့ကို အခက်တွေ့ခဲ့ပါတယ်။ ကိုယ့်ဘလော့ကို ဘယ်သူကပိုစ်ဝင်ရေးပေးမှာတုန်း။ ရေးပေးတယ်ထားပါအုံး သူရေးတာက ကိုယ့်ဘလောနဲ့အဆင်မပြေတာ ၊ တစ်ခြား ကန့်သတ်ချက်တွေ ၊ သဘောထားမတူတဲ့ ဆန့်ကျင်ဘက်အတွေးတွေနဲ့ ဖန်တည်းမှု မျိုးတွေကိုရော ကိုယ်ကတင်ပေးနိုင်ပါ့မလား။ နောက်ဆုံးစဉ်းစားမိတာက ကိုယ့်ဘလော့ကို ကိုယ်တိုင်ဘဲဖန်တည်းမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ အရင်က ဘလော့ခေါင်းစဉ်ကို ရွှေရောင်ခံစားမှုဆိုပြီး ပေးထားတာ။ ဒီခေါင်းစဉ်နဲ့ လိုက်ဖက်မဲ့စာသားတင်ဖို့လိုလာပြီလေ။
ငယ်ငယ်တည်းက စာမေးပွဲတိုင်းမှာ စာစီစာကုံးရေးတဲ့အပိုင်းကို မဖြေဘဲချန်ထားခဲတဲ့သူ ကိုယ့်အတတ်ကိုယ်ဆူး အခုအခက်တွေရပြီ ။ ကိုယ့်ဘလော့မှာ ပြောချင်တဲ့ မြန်မာစကားကို မြန်မာလိုချရေးတယ်ဆိုပေမယ့်လည်း ကိုယ်ရေးချင်တဲ့ အကြောင်းအရာနဲ့ဆီလျော်မယ့် စာကားလုံးအသုံးအနှုန်းတွေကို ဆီလျော်အောင် လက်တွေ့ချရေးချိန်မှာ ဘော့ပင်နဲ့စာရွက်မထိဘဲ နာရီဝက်လောက်ကြာတဲ့ထိ စဉ်းစားရဘူးပါတယ်။ ( သင်ပေးတဲ့ဆရာ၊ ဆရာမတွေက သေချာသင်ပေးတာကို တလေးတစားမယူခဲ့မိတာကို နောင်တရမိပါတယ် ) အရဲစွန့်ရေးပြီး ကိုယ်တိုင်အထပ်ထပ်ဖတ် ၊ တည်းဖြတ်လို့ တင်ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အားလပ်ချိန်တိုင်းစာလိုက်ဖတ်တယ်။ အရေးအသားပိုင်းတွေကို သေချာလေ့လာပြီး စဉ်းစားမိသမျှတွေကို မတင်ဖြစ်တာနောက်ထားလို့ လက်ကအရင်ချရေးဖြစ်အောင် ကြိုးစားရင်းပို့စ်လေးတွေကို တင်ဖြစ်ခဲ့ပါတယ်။
ဘလော့ရွာမှာ ယောင်လည်လည် လျှောက်သွားရင်းအိမ်တိုင်းမှာ ၀င်ရောက်မိတ်ဖွဲ့ရင်းနဲ့ ဘလောဂါအားလုံး ကျွန်တော်ရဲ့ သင်ဆရာ၊မြင်ဆရာတွေပါ။ ဘလောဂါအားလုံး ကိုယ်ပြောချင်တဲ့အပိုင်းတွေကို စိတ်ကြိုက်ဖန်တည်းနေကြပေမယ့် မြန်မာဘလော့ရွာမှာရှိတဲ့ဘလော့ဂါအားလုံး တစ်ကိုယ်ကောင်း မဆန်တတ်ကြပါဘူး။ နည်းပညာပိုင်းကို ဝေမျှသူတွေရှိသလို အခုမှအသစ်မိတ်ဖွဲလာတဲ့ ကျွန်တော့်လို ရွာသားအသစ်တွေဆီကို လာရောက်အားပေးရင်း လက်တွဲခေါ်တတ်ကြပါတယ်။ ဒါကြောင့်မို့ ဘလော့ရွာလေးကို စိတ်ဝင်စားလို့ရောက်လာခဲ့မယ်ဆိုခဲ့ရင်လည်း သူငယ်ချင်းအားလုံးကို သတ်တိရှိရှိဝင်ခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေ။ တဖြည်းဖြည်း အဆင်ပြေ လာပါလိမ့်မယ်။ နောက်ဆုံးအဆင့် အားပေးမယ့်သူမရှိပေမယ့် ကိုဘလော့လေးကိုဖွင့်ကြည့်ပြီး ထပ်ကာထပ်ကာဖတ်နေရတာကလည်း စိတ်အေးချမ်းနေပါတယ် ။ ကိုယ်ဘလော့ကို လာလည်သူတွေက စီဘောက်မှာ အမှာပါးခဲ့ရင်ဖြင့် ပြောမပြတတ်လောက်အောင် ပီတိဖြစ်မိပါတယ်။

ဘလော့ရွာထဲ အလည်အပတ်သွားရင်း သိသင့်တာတွေအကုန်သိကြရမှာပါ။ အိုင်တီခေတ်မှာ ကျွန်တော်တို့လိုလူငယ်တွေအနေနဲ့ ပြင်ပသင်တန်းတွေမှာ အချိန်ပေးမတက်နိုင်ပေမယ့် ခေတ်နောက်ကျစရာမလိုပါဘူး ။ ဘလော့ရွာမှ ဘလောဂါအားလုံး သူတို့သိသမျှတွေဝေမျှလို့ ကြိုဆိုနေပါတယ်။

ကျွန်တော့်လလော့ကို လာရောက်အားပေးကူညီကြတဲ့ သူငယ်ချင်းအားလုံးကို မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။

Tuesday, June 24, 2008

မေမေ့ဆီမှ ထမင်းစားလက်မှတ်လေး

ခရီးသည်ဆိုတဲ့ အမည်အတိုင်း ကိုယ့်ဝမ်းကိုယ်ကျောင်း သွားလာလှုပ်ရှားနေရပေမယ့် ၆ လ တစ်ခါတော့ မေမေ့ရင်ခွင်ဆီကို အချိန်ပေးလို့နားခိုလေ့ရှိပါတယ် ။ သားကြီးပြန်လာလို့ စကားကို ဘယ်ကစပြောရမှန်းမသိလောက်အောင် သူ့ရင်ထဲကပီတီတွေ လွှမ်းခြုံနေတဲ့ အမေ့ရဲအပြုံးတွေက အသက်ဝင်လွန်းလှပါတယ်။
အဖေက ယုံကြည်စိတ်ချစွာ သားသမီးတွေကို အမေနဲ့ထားခဲ့ပြီး လူဘ၀ သံယောဇဉ်တွေကို အစောဆုံးဖြတ်တောက်ခွဲထွက်သွားပေမယ့် သား သမီးတွေအပေါ် အဖေ ၊ အမေ မောတ်တာနှစ်ခုပေါင်းလို့ ကျွေးမွေးစောင့်ရှောက်ရင်း သားသမီးတွေရဲ့ မဖြစ်စလောက်သိတတ်မှုလေးတွေနဲ့ သူ့ဘ၀ကို ကျေနပ်ရောင့်ရဲနေလာခဲ့တာ (၁၅)နှစ်ကျော်ပြီလေ။ နောက်လည်း ကျေနပ်နေအုံးမယ့် အမေ့ရဲ့စိတ်ဓါတ်ကြံခိုင်မှုနဲ့ သတ်တိကို အားကျမိပါတယ်။ မိဘ၀တ်တရားကို အမေတစ်ယောက်တည်းထမ်းပိုးရင်း စောင့်ရှောက်ခဲ့တာ အခုဆို မှီခိုသူတစ်ယောက်ဘ၀မှ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပေမယ့်လည်း အမေ့လို အစွမ်းရှိရှိရပ်တည်နိုင်ဖို့တော့ ကြိုးစားရအုံးမှာပါ ။ အတောင်စုံလို့ ကိုယ်ပိုင်အသိုက်ခွဲထွက် တည်ဆောက်ကြသူတွေရှိပေမယ့်လည်း အမေ့အနားရစ်သီရစ်သီရှိနေသေးတဲ့ သားကြီးနဲ့ သားငယ်လေးကို အချစ်ပိုလို့နေတာ အမေ့ရဲ့အပြုံးတွေက ဖော်ပြနေပါတယ်။ ၀မ်းရေးအတွက် တစ်နယ်တစ်ကျေးမှာ ခွဲထားရတာမို့ ပြန်လာတဲ့အချိန်မှာ အစစအရာရာ ဂရုစိုက်လွန်းလို့ အမေ့ အနားမှာအချိန်ပြည့်ရှိနေတဲ့ညီငယ်က သူ့သားကြီးကိုဘဲ အချစ်ပိုတယ်လို့ ဆိုပြန်ပါတယ်။ ဒါပေမယ့် အမေ့ရဲ့မောတ်တာတရားကတော့ သားသမီးတိုင်းအတွက် ညီတူညီမျှရှိနေပါတယ်။

သားအမိနှစ်ယောက်တည်းနေကြတာမို့ သားငယ်ကိုသာ ဈေးဝယ်ခိုင်းပြီး သက်တောင့်သက်သာ ချက်ပြုတ်စားသောက်ခဲ့ပေမယ့် သားကြီးပြန်ရောက်ချိန်မှာ သူကိုယ်တိုင် ဈေးဝယ်ထွက်လို့ ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ်။ ငပိ ၊တို့စရာ ၊ ဆီပြန်ဟင်းတွေနဲ့ အမေ့ရဲ့ ထမင်းဝိုင်းမှာ သားအမိတစ်တွေ ထမင်းမြိန်လှပါတယ်။ စားနေရင်း ၇ တန်းနှစ်လောက်က စာမကျက်တဲ့သူ့အတန်းက တပည့်တွေကို ကြိုးစားစေချင်တဲ့ဆနွှနဲ့ အတိုချုပ်ဆုံးမတဲ့ ဆရာတစ်ယောက်ရဲ့ စကားလေးကိုသတိရမိပါတယ်။ `` တပည့်တို့ မင်းတို့အားလုံး အခုအချိန်မှာ မိဘတွေရှာထားတဲ့ ထမင်းစားလက်မှာနဲ့ ပူပင်စရာမလိုဘဲ စာသင်ခန်းထဲမှာ အေးချမ်းစွာစာသင်ခွင့်ရခဲ့ပြီ။ ဒီတော့ ကြိုးစားကြပါ ။ မင်းတို့ရဲကြိုးစားမှုအပေါ်မှာမူတည်ပြီး မဖြစ်မနေလိုအပ်တဲ့ ``ထမင်းစားလက်မှတ်´´ ရဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ကြိုးစားကြရမှာမို့ တပည့်တွေအားလုံး မပင်မပန်း ဥာဏစွမ်းအားနဲ့ ``ထမင်းစားလက်မှတ်´´ ရစေချင်တယ် လို့ ဆုံးမခဲ့ပါတယ်။ ´´
အခုကျွန်တော်စားနေတဲ့ထမင်းက အမေ့လက်မှတ်နဲ့မို့ မြိန်မြိန်စားနေရပေမယ့် ကျွန်တော်ရှာတဲ့ ထမင်းစားလက်မှတ်နဲ့ မေမေထမင်းမြိန်စေဖို့အတွက် အခက်အခဲတွေကိကျော်ဖြတ်နိုင်ဘို့ မေမေ့လို စိတ်ဓါတ်မျိုးရရှိအောင် ကြိုးစားမွေးမြူလို့ ကြိုးစားပါ့မယ်မေမေ။

Thursday, June 19, 2008

နာမည်ပြောင်များနဲ့ `` ခရီးသည် ´´

ကျွန်တော်ထိုင်နေကျ ကွန်ပျူတာစားပွဲပေါ်မှာရှိတဲ့ ရိုက်လက်စ စာရွက်ကြမ်းတစ်ချို့ လက်စသတ်လိုက်ပြီး Chat Room ထဲကို အပျင်းပြေ၀င်လိုက်တယ်ဆိုရင်ဘဲ ဘယ်ကမှန်းမသိတဲ့ တစ်စုံတစ်ယောက်က အင်ဗိုက်လုပ် ထားတာတွေ့လိုက်ရတယ်။ ငါလည်း ဦးကျော်ဟိန်းလိုဖြစ်နေပြီလို့ တွေးမိတယ်၊ ကိုယ့်ကို သိနေတဲ့သူတွေက အင်ဗိုက်လုပ်နေကြလို့ လက်မခံခဲ့တဲ့အကြိမ်ပေါင်းလည်း မနဲတော့ဘူး။ (မယုံနိုင်စရာလို့မထင်ပါနဲ့ ကျွန်တော့် Account မှာ A to Z အထိ နာမည်အကုန်ရှိတယ်ဗျ --ဟဲဟဲ) ဒီတစ်ခါတော့ သူရဲ့နာမည်လေး သေချာဖတ်ကြည့်လိုက်ပြီး `` အင်း မိန်းကလေးတော့ဖြစ်နိုင်တယ် ´´ လက်ခံလိုက်ဦးမှဘဲ ( နာဘူး ) ။ မှတ်ထားနော် ``လေဒီဖတ်စ် ´´ ။ အခုလို အိုင်တီခေတ်မှာ သူငယ်ချင်းတစ်ယောက်ရဖို လွယ်ပါတယ်။ ရင်းနှီးခင်မင်မှုအတွက်တော့ လေ့လာစဉ်းစားကြရမှာပါ။ ကျွန်တော့်ကို ရင်းနှီးခင်မင်တဲ့သူငယ်ချင်းတွေက နာမည်ပြောင်လေးတွေပေးလို့ ခေါ်တတ်ကြပါတယ်။

ငယ်ငယ်ထဲက အခုအချိန်အထိ ``ရထားတဲ့ နာမည်ပြောင်က တော်တော်များသားလား ။ အရင်ဆုံး မှတ်မိသေးတဲ့ မူကြိုကျောင်းလေးက စပြီးမိတ်ဆက်ပါရစေ။ မူကြိုကျောင်းမှာ ကစားပွဲလေးမဲနိုက်ပြီး ကစားဖြစ်တော့ တစ်ခြားသူငယ်ချင်းတွေအားလုံး မဲနိုက်လို့ပေါက်တဲ့ အကတွေ မင်းသမီး ၊ မင်းသား၊ ဦးရွှေရိုး အကတွေလေ ။ ကျွန်တော့်အလှည့်မှ ` ဆင်က´ တဲ့ဗျာ ။ အဲဒီကစပြီး မူလတန်း ၊ အလယ်တန်းအထိ ကျောင်းနေဘက်သူငယ်ချင်းတွေက ``ဆင်ကြီး´´ခေါ်သဗျ ။ အဲဒီနောက် ၇ တန်းကျောင်းစတက်လို့ နှစ်ဝက်လောက်ရောက်တော့ အတန်းပိုင်ဆရာမက စာမေးတာ တစ်တန်းလုံးမရလို့ ခုံပေါ်မတ်တပ်ရပ်ခိုင်းပြီး တစ်ယောက်ကို ၃ ချက်စီအတီးခံရတယ်လေ။ ကျွန်တော့် ဘေးကသူငယ်ချင်း`` ညီပု ´´ အလှည့်ရောက်တော့ ကျွန်တော်က ဆရာမကို ``ဆရာမ ခဏနေပါအုံး ´´ လို့ပြောလိုက်တော့ ဒေါသထွက်နေတဲ့ ဆရာမလေသံနဲနဲပျော့သွားတယ်။ စာဆိုမယ်အထင်နဲ့ `ဆို ´လို့ ပြောတဲ့အချိန်မှာ `` စာမရပါဘူး ညီပုက ဒီနေ့မှကျောင်းစတက်တာ၊ ၇ ရက်လောက်ဖျားနေလို့ ဆံပင်တောင်ကျွတ်နေတယ်လို့ပြောလိုက်တာ ´´ အဲဒီမှာဒေါသက စောစောကထက်ပိုလာပြီး `` နင်နဲ့ဘာဆိုင်လို့ သူများကိုရှေ့နေလိုက်တာလဲ ´´ ဆိုပြီး သူ့ငယ်ချင်းအတွက် ၃ ချက်ရော ကျွန်တော့်အတွက်ပါ၊ ပေါင်း ၆ ချက်တီးခံလိုက်ရတယ် ။ ဆရာမဒေါသကမပြီးသေး နေမကောင်းတဲ့သူငယ်ချင်းကိုလဲ ၁ ချက်ဆော်လိုက်သေးတယ်။ ဒီလောက်ကယ်တာတောင် ``သူ့ကိုကကံဆိုးချင်တာလေ´´ ။ နှစ်ယောက်ပေါင်းလဲဆော်ခံရသေး ၊ သူငယ်ချင်းကိုလဲ ထပ်ရိုက်သေးဆိုတော့ ဆရာမ မတရားဘူးထင်ခဲ့တာ ။ အခုမှပြန်တွေးမိတာ တစ်ခန်းလုံးအယောက်လေး ဆယ်ဆိုတော့ အဲဒီတုန်းက ဆရာမတော်တော် နာမှာဘဲ `` ဒေါသထွက်ထွက်နဲ့တီးတာလေ´´ ဒီလိုနဲ့ နေ့လည်ထမင်းစားချိန်ကစပြီး တစ်ခန်းလုံးက `` ရှေ့နေကြီး´´ လို့ခေါ်ကြပြန်ပါတယ်။

အလုပ်ထဲရောက်လို့ သူငယ်ချင်းတွေနဲ့အတူ ထမင်းဆိုင်တစ်ခုရဲ့ အပေါ်ထပ်မှာ အဆောင်ငှားနေဖြစ်ပါတယ်။ တစ်နေကုန်အလုပ်လုပ် ညမှပြန်ရောက်ဆိုတော့ အဆောင်ပိုင်ရှင် အဒေါ်ကြီးကဘယ်မှတ်မိပါ့မလဲ။ ( ကျွန်တော့်ရဲ့ပင်ကိုယ်စတိုင်က ရုပ်ဆိုးဆိုးကို ပေတီပေစုတ် နေတတ် ပါသေးတယ် ) တစ်နေ့မှာ နေမကောင်းလို့ အလုပ်မသွားဖြစ်ဘဲ အောက်ထပ်ဆိုင်ကိုဆင်းပြီး ကော်ဖီသောက်ချိန် ကော်ဖီဖိုးရှင်းမယ်ပြောတော့ ဆိုင်ရှင်က `` ဆရာ မရှင်းပါနဲ့တဲ့ ´´ ကျွန်တော်တို့အုပ်စု ကွန်ပျူတာနဲနဲပါးပါးတတ်တာကိုသိလို့ ``လေးစားပြီး ´´ ကော်ဖီဖိုးမယူဘဲ နေတယ်အထင်နဲ့ သူငယ်ချင်းတွေကိုပြန်ပြောတော့ အကုန်လုံးက၀ိုင်းရယ်ပြီး `` မင်းကို သူတို့ဆိုင်မှာလာနားတဲ့ကားကထင်ပြီး ပိုက်ဆံမယူလိုက်တာတဲ့ ( နောက်မှ ပြန်စဉ်းစားကြည့်တာ ကျွန်တော်ထိုင်တဲ့ဝိုင်းနားမှာ ကားသမားအဖွဲ့တွေလည်းရှိနေတယ်လေ ) အဲဒီနေ့ကစပြီး သူတို့က `` ကားဆရာ ´´ လို့ခေါ်ကြပေမယ့် ဒီတစ်ခါတော့ ကော်ဖီတစ်ခွက် အမြတ်ရလိုက်တယ် (ဟဲ..ဟဲ) ။

သူတို့တွေထဲကတစ်ယောက်က မကျေနပ်သေးပါ ။ မင်းတို့ခေါ်သလို မခေါ်ချင်ဘူး `` ဗိုက်ကလေး´´ လို့ ဘဲခေါ်မယ်လို့ တောင်းပန်တိုးလျှိုးပြန်ပါတယ် ။ ( ကြုံတုန်းလေးမို့ ကျွန်တော့်ရဲ့ပုံစံကို ခန့်မှန်းလို့ရအောင် နဲနဲတော့ပြောမယ်နော် ) ။ `` အရပ်ကလည်း လူစင်မမီ ပုတုတု ၊ `၀´သလားဆိုတော့လဲ ``၀´´ တာဆိုလို့တစ်ခုဘဲရှိတယ် ``လူပါး´´လေ ။ နောက်ပြီးတော့ဗိုက်ကရွှဲသေးတယ် ။ ဗိုက်ရွှဲရခြင်းရဲ့ အဓိကအကြောင်းကို ရှင်းလိုက်ပါအုံးမယ် ။ ငယ်ငယ်ထဲက ဘာအားကစားမှ မလုပ်ဘူး ၊ အလုပ်ဝင်တော့လည်း ကွန်ပျူတာတစ်နေကုန်ထိုင်ရိုက်နေရတာ ။ ဒါကိုနားလည်မှုမရှိတဲ့ အချို့အချို့သော သူငယ်ချင်းတွေက ``ကျွန်တော် တစ်ခါမှမကြားဘူးပါဘူး ဘာတဲ့...အရက် ´´ သောက်လို့ ဆိုပြန်ပါတယ်။ (မယုံကြနဲ့နော် သူတို့က လူတကာကို အမြဲတမ်းမကောင်းမြင်တတ်ကြလို့) ။ ဒီသကောင့်သားက ကျွန်တော်ဗိုက်ရွဲတာကို သူ့အိမ်ကို သိအောင်ကြေငြာလိုက်သေးတယ်။ သူက ကလေးမြို့မှာနေတာလေ ( ကျွန်တော့်ကိုက ကံဆိုးလို့သူနဲ့သွားဆုံဖြစ်တာပါ ) ။ အခု ချင်းပြည်နယ် လာတော့ သူ့အိမ်မှာတည်းဖို့အတွက် သူ့ညီကိုလေဆိပ်မှာလာကြိုခိုင်းထားတယ်။ ဖြစ်ချင်တော့ ကျွန်တော်ရောက်တဲ့နေ့က လာကြိုတဲ့သူနဲ့လွဲတယ်လေ ။ သူ့အိမ်ကိုဆိုက်ကားငှားစီးပြီးသွားတယ်။ အိမ်ရောက်လို့ သိပ်မကြာခင်မှာ သူညီလေးရောက်လာတယ်။ ရောက်ရောက်ချင်းဘဲ အစ်ကို့သူငယ်ချင်း တော်တော်ဆိုးတယ်ဗျာ တဲ့ `` ထင်တော့ထင်သား အခု ညီအရင်းကတောင် ဆိုးတယ်ဆိုတော့ ´´ ကျွန်တော်လူကဲခတ်မညံ့တတ်ပါဘူး၊ ဘ၀င်တောင်မြင့်ချင်ချင် ဖြစ်သွားတယ်။ မနဲပြန်ဆွဲချပြီး ဆက်နားထောင်လိုက်တယ် ။ အစ်ကို့ကို သွားကြိုဖို့ဖုန်းဆက်တာ နာမည်မပြောဘူးဗျာ ၊`` စိတ်တော့ မဆိုးနဲ့နော်´´ လို့စကားခံပြီး ကျွန်တော့်ကိုပြောတာက အရပ်ပုပု ၊ ဗိုက်ရွဲရွှဲ ၊ မျက်နှာဝိုင်းဝိုင်း ဟိုကာတွန်းစာအုပ်ထဲက ဗိုက်ကလေးအတိုင်း ´´ လို့ပြောပြီးဖုန်းချသွားတယ်။ တစ်ခါမှမမြင်ဘူးတဲ့သူကို နာမည်မပြောဘဲ ကာတွန်းစာအုပ်ထဲက ဗိုက်ကလေးနဲ့တူအောင်ပြောတဲ့ သကောင့်သားအား `` အိုဗာတိုင်းမ်း ကြေးမရဘဲ ညတိုင်းအချိန်ပိုဆင်းရပါစေဗျာ´´ ။ ( သူအိုဗာတိုင်းမ်းကြေးမရတာ နဂိုတည်းကပါ သားသားနဲ့ဘာမှဆိုင်ဘူး )

အခုကစလို့ Chat Room ထဲက Old Model သူငယ်ချင်းများရော ၊ အသစ်အသစ်သောသူငယ်ချင်းများအားလုံး သူများပြောလို့သိတာမျိုး မဖြစ်စေချင်လို့ပြောလက်စနဲ့ အကုန်ပြောလိုက်မယ်။ ရန်ကုန် အဆောင်မှာနေတုန်း နယ်ကရောက်လာတဲ့ သူငယ်ချင်းက ကျွန်တော်ငယ်ငယ်တုန်းနဲ့ ပုံစံမတူတာကို ရှင်းရှင်းမပြောဘူး ``ဂါမဏိ´´ နဲ့ တူလာတယ်လိုဆိုပြန်ပါတယ် ။ ( အင်း... ဒီကောင် ငယ်ငယ်ကစာတွေကိုလုံးဝမမေ့ဘူးဘဲ ၊ ဒါ့ကြောင့်မို့ စာတော်တာကိုး ) ။ ``ဂါမဏိ´´ ကို ငယ်ငယ်က သမိုင်းစာအုပ်ထဲမှာသင်ခဲ့တဲ့ သူရဲကောင်း သမိန်ဗရမ်းနဲ့ စီးချင်းထိုးတဲ့ တိုင်းတစ်ပါးက သူရဲကောင်း `` ဂါမဏိ ´´ လို့ ထင်တာလေ ။ ( နဲနဲတော့ကြိုက်သားဗျ တိုင်းတစ်ပါးဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူရဲကောင်းဆိုတော့ ပီတိဖြာနေတာလေ ) ။ ဘာဖြစ်လို ဒီလိုခေါ်တာလဲ မေးကြည့်တော့ `` ဇာတ်ပွဲတွေမှာ နောက်ပိုင်းဇာတ်ထုတ်တွေကတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ဘုရင်က ` ဟဲ့ ဂါမဏိ ´ လို့ ခေါ်တဲ့အချိန် ၊ ဗိုက်ရွဲရွှဲနဲ့ထွက်လာတဲ့ ပုံဏားလို လူကိုခေါ်တာပါ´´ တဲ့ဗျာ ။ ( စာမတတ်ပေမတတ် တောအငြိမ့်လောက်ကြည့်ဖူးတဲ့ သည်သကောင့်သားသည်လည်း ရန်ကုန်မြို့လယ် လူအရမ်းရှုပ်သော (၀ါ) ကောင်မလေးတွေများပြားသော စူပါမားကက်တစ်ခုရှေ့တွင် စီးထားတဲ့ဖိနပ် ပြတ်စေကြောင်း ) ဒီလိုနာမည်တွေကို မကျေနပ်လွန်းလို့ အခုဘလော့စရေးဖြစ်တဲက ကိုယ့်စိတ်ကြိုက်ရွေးခဲ့တဲ့ နာမည်လေးက `` ခရီးသည် traveller ´´ ပါ ။
လူဝင်မှုကြီးကြပ်ရေးရဲ့ကိုယ်စား တောင်းပန်ပါရစေ ။ နာမည်ပြောင်တွေများတဲ့ ကျွန်တော့်ရဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ကို A4 စာရွက်နဲ့ ဒီဇိုင်းသစ်ထုတ်ရမှာမို့ `` ခရီးသည် traveller ´´ ကို လိတ်တက်နာမည်ပြောင်အဖြစ်သိစေဖို့ ရင်ခွင်ပြတင်းကို အာမခံသော့ဖြင့် ခဏတာဖွင့်လှစ်လိုက်ပါတယ်။

Monday, June 16, 2008

`` အမှားမကင်းတတ်ကြတာမို့ ´´

ကျွန်တော်တို့ ဗုဒွှဘုရားရှင်တောင်မှမိဘကျေးဇူးကို နို့တစ်လုံးဖိုးသာဆပ်နိုင်ခဲ့လို့ ဆပ်မကုန်နိုင်တာ ``မိဘကျေးဇူး´´ ဖြစ်ပါတယ် ။ ကိုးလလွယ် ဆယ်လဖွား ၀မ်းနဲ့လွယ်မွေးခဲ့တဲ့ မာတာမိခင်က ပိုလို့တောင်ကျေးဇူးကြီးပါတယ် ။ ဒါပေမယ့်လည်းမိဘနဲ့ သားသမီးကြား တစ်ခါတစ်ရံမှာ နားလည်မှုလွဲမှားလို့ ပြသနာအနည်းငယ်တော့ ဖြစ်တတ်ကြပါတယ် ။
ကျွန်တော့်မှာသူငယ်ချင်းမိန်းကလေးတစ်ယောက်ရှိတယ် ၊ သူမက မိန်းကလေး ဖြစ်ပေမယ့်အလုပ်ကို အရမ်းကြိုးစားတယ်၊ မိဘအပေါ်လည်း သိတတ်လွန်းတဲ့ သမီးလိမွှာလေးပါ ။ ကျွန်တော်တို့ ယောက်ကျားလေးတွေထက် မိန်းကလေးတွေက မိဘအပေါ် သံယောဇဉ် ၊ သိတတ်မှုပိုပါတယ်။ ကျောင်းပြီးထဲက မိဘနဲ့ခွဲပြီးသူမ မြို့မှာအလုပ်လုပ်နေတာပါ။ အစားကောင်းစားပြီဆိုရင်လည်း အမေကိုသတိရတတ်ပြီး ( မွေးရပ်ဌာနီ ) အိမ်ပြန်တဲ့အချိန်မှာ သူ့အမေအတွက် ၀ယ်သွားလေ့ရှိပါတယ်။ `` ဒီနေရာမှာတင် ကျွန်တော်နဲ့ တက်တက်စင်အောင်ကွာတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အိမ်ပြန်တိုင်း အမေ့အတွက် တကူးတက၀ယ်ဖို့မပြောနဲ့ အပြန်လမ်းမှာရောင်းတဲ့ ငှက်ပျော်ကြော်လေးတောင်မ၀ယ်ဖြစ်ဘူးလေ။ တစ်ခါတစ်ခါ အိမ်နားကအဒေါ်ကြီးတစ်ယောက်ကတောင် အိမ်ပြန်လာတိုင်း ဘာမုန့်မှမပါခဲ့ဘူးလို့ ကပ်စေးနဲကြောင်းမှတ်ချက်ပြု ခံရပါသေးတယ်။ ``စိတ်မရှိပါနဲ့ ငယ်ငယ်တဲက ဈေးမ၀ယ်တတ်တဲ့ အကျင့်ပါနေ့လို့ပါ´´ ´´
သူမအကြောင်းပြန်ဆက်ပါအုံးမယ် ။ အ၀တ်အစားဆိုရင်လဲ သူ့အမေနဲ့လိုက်မဲ့ အ၀တ်အစားကအစ၊ စုဆောင်းမိသမျှပိုက်ဆံ အားလုံးပါဘဲ လူကြုံနဲ့တစ်မျိုး ၊ ကိုယ်တိုင်တစ်သွယ် ပြန်ပို့လေ့ရှိပါတယ်။ `` ပြန်ပို့တိုင်း ကျွန်တော်က ဖေဖေ့အတွက်ရောလို့ နောက်ပြောင်ပြီး မေးလေ့ရှိပါတယ်´´ အဲဒီတော့ `` ဖေဖေ့အတွက်က မေမေရှိရင်ပြည့်စုံပါတယ်တဲ့ဗျ ´´။ `` သူပြောတာနော် အားလုံးလည်းမှတ်ထားကြ ´´ ဒီလိုနဲ့ သင်္ကြန်ပိတ်ရက်ပြီးလို့ ပြန်လာတဲ့အချိန်မှာ `` ဘယ်လိုလဲ မ xxx မေမေနဲ့ အလွမ်းသယ်လို့ဝခဲ့ပြီလား ´´ မေးလိုက်တော့ ``အလွမ်းတင်မဟုတ်ဘူး အကြွေးပါ ၀အောင်သယ်လာခဲ့တယ် ´´ လို့ ခပ်ပြုံးပြုံးလေးပြောပါတယ် ၊ တစ်ယောက် အကြောင်းတစ်ယောက်သိနေပြီး ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေမို့ ``ပို့လိုက်တဲ့ပိုက်ဆံတွေ အိမ်မရောက်လို့လား´´ မေးကြည့်တော့ ရောက်ပါတယ် ဒါပေမယ့်ဆိုပြီး သိလိုက်ရတာက အခုတစ်လော( ဆိုပေမယ့် ကြာခဲ့ပါပြီ ) အချို့သောနယ်တွေမှာခေတ်စားနေတဲ့ လောင်းကစား `` xx ´´ နှစ်လုံးထီ နှိပ်စက်လို့ပါတဲ့ဗျာ။ အဲဒီအတွက် သူ့သမီးပို့ပေးလိုက်တဲ့ ပိုက်ဆံကုန်တဲ့အပြင် အကြွေးထပ်တင်လို့ အဲ့ဒီအကြွေး ကိုဆပ်ပေးပါမယ်ဆိုပြီး အာမခံကာ `` အကြွေးပါသယ်လာကြောင်း´´သိလိုက်ရပါတယ်။ မိဘနဲ့သားသမီးကြား ကြုံတောင့်ကြုံခဲ့ ဖြစ်ရပ်လေးကို ကျွန်တော့်သူငယ်ချင်းကိုယ်တိုင် ခံစားခဲ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် သူမကတော့ `` ငါ့ကို အခုအချိန်ထိ သူ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့လို့ ဒီလိုအခြေအနေမျိုး ရောက်နေတာမို့ မပြောပလောက်တဲ့ အခိုက်အတံ့ ပြသနာတစ်ခုလို့ဘဲ ´´ သတ်မှတ်ခဲ့ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာ နားလည်သိတတ်တဲ့ ၊ ဖြေသိမ့်နိုင်စွမ်းရှိတဲ့ သူငယ်ချင်းကိုလေးစားမိပါတယ်။
မိဘဘဲဖြစ်ဖြစ် ၊ သားသမီးဘဲဖြစ်ဖြစ် တစ်ခါတစ်ရံမှာ `` ဘယ်သူမပြုမိမိမှု ´´ လို့ ဆိုစကားရှိပေမယ့်လည်း အမှားမကင်းတတ်ကြပါဘူး ။ မိဘနဲ့သားသမီးကြား ဒီလိုပြသနာ လေးတွေကြုံခဲ့ကြရင်လည်း ကျွန်တော့်သူငယ်ချင်းလိုဘဲ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်နိုင်စေချင်ပါတယ်။ မိဘကျေးဇူးမဆပ်နိုင်သေးပေမယ့်လည်း အလွယ်တကူ ရလာနိုင်တဲ့ ``အကုသိုလ်´´ ကို ၀ယ်ယူသလို မဖြစ်နိုင်စေဖို့ ရေးသားရခြင်းပါ။ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ မိဘနဲ့သားသမီး အားလုံးလိုလို အမှားမကင်းနိုင်တဲ့ အခြားသော ပြသနာမျိုးတွေ ကြုံလာခဲ့ကြရင်လည်း အေးဆေးတည်ငြိမ်တဲ့စိတ်ထားနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုရစေချင်ပါတယ်။ ``သားသမီးမကောင်း မိဘခေါင်း´´ ဆိုရိုးစကားလေးလို သားသမီးရဲ့အမှားတွေရှိတဲ့အချိန်မှာ မိဘတိုင်းမညည်းမငြူဘဲ ခေါင်းခံဖြေရှင်းကြတာ သတိပြုစေချင်ပါတယ်။ တစ်ခါတစ်ရံမှာ မိဘတွေဘက်ကအမှားရှိခဲ့ရင် `` မိဘမကောင်း သားသမီးခေါင်း ´´ လို့ ဆိုစကားရှိပေမယ့်လည်း အမြင်ချင်းမတူ ၊ သဘောထားချင်းမတိုက် ဆိုင်တတ်တာလေးတွေနဲ့တော့ မကောင်းဘူး သတ်မှတ်လို့မရပါဘူး ။ မိဘတိုင်းက သားသမီးတိုင်း အတွက် အကောင်းဆုံးတွေ ပေးတတ်ကြပါတယ်။ မှားသွားတယ်ဆိုရင်လည်း မိဘတိုင်းမှာ သားသမီးတွေအတွက် ကြိုးစားရင်းနဲ့ကြုံကြိုက်သွားတဲ့အမှားမျိုးသာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ နားလည်နိုင်စွမ်းရှိတဲ့ နှလုံးသားတစ်ခုကို သားသမီးတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။

Thursday, June 12, 2008

သတိထားစရာ စကားတစ်ခွန်း

တစ်နေ့တာအလုပ်ပြီးလို့ အနားယူချိန် သက်တောင့်သက်တာနားရင်း ရှေ့မှာမြင်နေရတဲ့ အပြာရောင်ကောင်းကင်အောက်က မိုးတိမ်တိုက်လေးတွေစုရုံး အုံ့ဆိုင်းနေကြလို့ ၀င်လုဆဲဆဲ နေမင်းရဲ့အလင်းရောင်က မနေ့ကလောက်လှပအောင်တောက်ပခွင့်မရခဲ့နိုင်ဘူးလေ။ ဒီလိုပါဘဲ ကျွန်တော့်စိတ်အစဉ်ကလည်း စိမ်းမို့နေတဲ့ တောင်ထွဋ်လေးပေါ်မှာ မြူခိုးလေလားထင်ရတဲ့ ဖြူလွှလွှတိမ်တိုက်စုလေးတွေနဲ့အတူ ဦးတည်ရာမဲ့ ပြေးလွင့်နေပြန်ပါတယ်။ မိုးရာသီဆိုပေမယ့် အခုအချိန်မှာ သည်းသည်းမည်းမည်း မိုးရွာခြင်းမျိုးမရှိသလို မိုးရွာပြီးခဏဆိုရင်ဘဲ တိမ်ခိုးတိမ်တိုက်စုလေးတွေ ကျွန်တော်တို့အနားကဖြတ်သန်းလို့ ခဏခြင်းဘဲ အအေးဓါတ် ပိုလာတတ်ပါတယ်။ အခုလိုတောင်ပေါ် ဒေသမှာ နေရတာအမြင်အာရုံ ဆန်းသစ်နေပေမယ့် မြေပြန့်ကိုတော့``လွမ်းနေပါတယ်´´ ။ ဒီလိုနေရာဒေသမျိုးကို ရောက်ဖူးမယ်ထင်မထားတဲ့ ကျွန်တော့်အတွက် အစပိုင်းမှာ ရာသီဥတုနဲ့ သိပ်မရင်းနှီးသလိုရှိနေပေမယ့် ဒီလိုရာသီဥတုလေးကနှစ်သက်စရာ ဖြစ်နေပြန်ပါတယ်။ ဒီမှာနေရင်း ချင်းတိုင်းရင်းသူလေးတွေနဲ့ စကားဖလှယ်မိတာလေးတွေ ပြောပြချင်ပါတယ်။ မြန်မာတွေ `အဖေ´က သမီးကိုပိုချစ်ပြီး `အမေ´က သားကိုပိုချစ်တယ် လို့ကြားဖူးတယ်တဲ့။ ကျွန်တော်လည်းတတ်သလောက်မှတ်သလောက် အရှင်းနိုင်ဆုံး ရှင်းပြပေးပါတယ်။ မိသားစုတစ်ခုမှာ ``အဖေ´´က မိသားစုစားဝတ်နေရေးအတွက် ပိုက်ဆံရှာတယ် ၊ `` အမေ ´´ ကတော့ မိသားစုစားဝတ်နေရေး အတွက်ချက်ပြုတ် လျော်ဖွတ်တယ်။ ဒီတော့ သူတို့နှစ်ယောက်မှာ အားနည်းချက် တစ်ခုစီရှိနေပြီလေ ၊ အဖေ ကတော့ ငွေသာရှာနိုင်ပြီး အမေခရီးသွားလို့ဘဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ ချက်ပြုတ် လျော်ဖွတ်ဖို့အတွက် သမီးကိုပိုပြီးအားကိုမှာပဲလေ။ အမေကလည်းဒီလိုပါဘဲ ငွေမရှာနိုင် ၊ ပင်ပင်ပန်းမလုပ်နိုင်တဲ့အတွက် ထမင်းချက်စရာ ထင်းခွဲ ၊ ရေခပ် အနီးစပ်ဆုံး အားကိုးစရာက သားကိုဘဲလေ။ အဲဒီလိုအားကိုတာကို ပိုချစ်တယ်လို့ အပြင်ပန်းသတ်မှတ်လို့ ရပေမယ့် မိဘတိုင်းကတော့ သားရော၊ သမီးရော မခွဲခြားဘဲချစ်တတ်ပါတယ်လို့ ရှင်းပြလိုက်ပါတယ်။ နောက်တစ်ခု အမေးရှိပါသေးတယ် `` နင်တို့မြန်မာတွေ ငါတို့ဆီကို လာရင် ဟိုဟာမစားတတ်ဘူး ၊ ဒီဟာ``မစားတတ်ဘူး ´´ အဲဒီလို``မစားတတ်ဘူး´´ ပြောတာသူတို့ မကြိုက်ကြပါဘူးတဲ့ဗျ ။ `` ပါးစပ်ရှိပြီး မစားတတ်ဘူးပြောတာ´´ အဓွှိပွါယ်မရှိပါဘူး ``မကြိုက်ရင်မကြိုက်ဘူး´´ ပြောပါတဲ့ ။ ဒီတော့မှ ကျွန်တော့်တို့ မြန်မာစကားကို ချင်းလူမျိုးဖြစ်ပေမယ် လေးလေးနက်နက်တွေးကြောင်း ၊ အလေးထားကြောင်းသိရလို့ ၀မ်းသာမိတဲ့အပြင် အခုလိုပွင့်ပွင့်လင်းလင်း မေးခဲတာကိုကျေးဇူးတင်မိပါတယ်။ ပြောနေကျ အတိုင်း စကားကိုအလွယ်တကူနဲ့ အလေးအနက်မထားဘဲ မပြောမိတာဖြစ်ကြောင်း၊ ပြောမိသူတွေ အတွက်လည်းချက်ချင်း တောင်းပန်လိုက်ပါတယ်။ မြန်မာ လူမျိုးဖြစ်ပြီး မြန်မာစကားကို အဓိပွါယ်ရှိရှိ ၊ ဘယ်နေရာမဆို သတိထားပြောဆိုသင့်ကြောင်းကို သင်ခန်းစာတစ်ခုရလိုက်ပါတယ်။ ဘယ်နေရာ ၊ ဘယ်ဒေသရောက်ရောက် မြန်မာစကားရဲ့ နက်နဲတဲ့အဓိပွါယ်တွေကို သိရုံနဲ့မလုံလောက်ဘဲ ကျွန်တော်အပါအ၀င်မြန်မာအားလုံး စကားကိုသတိထားလို ပြောဆိုကြနိုင်ဖို့ ရေးသားလိုက်ပါတယ်ဗျာ။